Python Myanmar Institute

Python Myanmar Institute

Share

13/10/2026

Data for Good 🌱

မကြာခင် ပူပြင်းတော့မယ့် နွေကာလရောက်တော့မယ်ဆိုတော့ သတိထားရမယ့် လေထုအရည်အသွေးအတွက် Dashboard တစ်ခု တည်ဆောက်ပေးထားပါတယ်။

PM2.5 ပမာဏများပြားတဲ့ လေထုကို ရှူရှိုက်မိရင် ဆေးလိပ်မသောက်လည်း အဆုတ်ကို ထိခိုက်နိုင်ပါတယ်။

ဒီ့အတွက်ကြောင့် ဘယ်အချိန်၊ ဘယ်ကာလတွေမှာ လေထုညစ်ညမ်းမှုမြင့်တက်လေ့ရှိသလဲဆိုတာကို လေ့လာနိုင်အောင် ဒီ Dashboard ကို အသုံးပြုနိုင်ပါတယ်။

မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံပါဝင်ပြီး သုံးနှစ်စာ ဒေတာဖြည့်သွင်းထားပါတယ်။ သတိပြုဖို့က Open Source Data Point တစ်ခုကိုသာ အသုံးပြုထားတဲ့အတွက် မိမိတို့နေထိုင်ရာမြို့၊ ရပ်ကွက်တို့အပေါ် မူတည်ပြီး အပြောင်းအလဲရှိနိုင်ပါတယ်။

Report ကြည့်ရန်လင့်ခ် - https://app.powerbi.com/view?r=eyJrIjoiODNjMGQ5YzAtMWRiZC00MjJiLTkxNTktODEzZjAxNjU0MTMzIiwidCI6ImRmODY3OWNkLWE4MGUtNDVkOC05OWFjLWM4M2VkN2ZmOTVhMCJ9

(Disclaimer - Educational Purpose Only: Data Analysis Portfolio Project တစ်ခုအနေနဲ့ တည်ဆောက်ထားတာဖြစ်ပြီး မည်သည့် တရားဝင်အစိုးရ၏ ထုတ်ပြန်ချက်များကိုမှ ကိုယ်စားပြုခြင်း၊ ကျော်လွန်ဖော်ပြခြင်း မရှိပါ။ )

12/10/2026

📢 Power BI, Python နှင့် SQL အတန်းသစ်များအတွက် အရေးကြီး အသိပေးချက်

အခုလာမယ့် Power BI, Python, နဲ့ SQL အတန်းသစ်တွေမှာ သင်တန်းသားများ စနစ်တကျ သင်ယူနိုင်ရန်နဲ့ သင်တန်းရဲ့ ထိရောက်မှုကို မြင့်မားစေရန်တို့အတွက် "စည်းကမ်းချက်အသစ် (၃) ချက်" ထည့်သွင်းသွားမှာဖြစ်ပါတယ်။

🔹 1. Camera Policy

သင်တန်းချိန်အတွင်း သင်တန်းသားအားလုံး Camera ဖွင့်ထားရပါမယ်။ စိတ်ပါဝင်စားစွာ လေ့လာနိုင်ရန်နဲ့ အတန်းချိန်အတွင်း အခြားအလုပ်များ လုပ်ဆောင်နေခြင်းမရှိဘဲ စာသင်ကြားမှုအပေါ် အပြည့်အဝ အာရုံစိုက်နိုင်စေရန် ဖြစ်ပါတယ်။

🔹 2. Meeting Minutes (အတန်းတက်ရောက်မှု စစ်ဆေးခြင်း)

ကျောင်းသားတွေရဲ့ Attendance Report မှာ အတန်းတက်ရက်အပြင် Meeting Minutes (အတန်းတက်သည့် အချိန်ပမာဏ) နဲ့ပါ စစ်ဆေးစောင့်ကြည့်မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ Batch တွေမှာ ခပ်စိပ်စိပ်တွေ့လာရတဲ့ Attendance ထိုးပြီး ပြန်ထွက်သွားတဲ့ သင်တန်းသားအချို့ကို ထိန်းချုပ်ရန်အတွက် ယခုကဲ့သို့ စနစ်တကျ စစ်ဆေးခြင်း ဖြစ်ပါတယ်။

🔹 3. Recording Videos & Final Project

အတန်းပျက်တာ နားလည်ပေးပေမယ့် ပျက်ရက်အတွက် Recording ပြန်မကြည့်တာတော့ လက်ခံပေးလို့မရပါဘူး။ သင်ခန်းစာတွေက တစ်ခုနဲ့တစ်ခု အချိတ်အဆက်ရှိအောင် Beginner ကနေ Advanced အထိ ဒီဇိုင်းဆွဲထားတာဖြစ်လို့ တစ်ရက်မတက်ရင် နောက်ပိုင်းသင်ခန်းစာတွေကျ Concept ပျောက်သွားမှာဖြစ်ပါတယ်။

အတန်းပျက် (အချိန်ပြည့်မတက်)၊ Recording ပြန်မကြည့်၊ အတန်းတက်တုန်းမှာလည်း မရှင်းတာကို ပြန်မမေး၊ Final Project မှာလည်း ထင်သလိုလုပ်လာပြီးတော့မှ "ဆရာသင်တာ မရှင်းလို့ပါ" ဆိုတာမျိုး လုပ်လို့မရအောင်ပါ။

Final Project မှာလည်း အမှတ်ပေးစည်းမျဉ်းနဲ့ စနစ်တကျ စစ်ပေးမှာဖြစ်ပါတယ်။ ပရောဂျက်တင်ရင်ပြီးရော ဖြစ်သလိုလုပ်လာတာတွေ လက်ခံမှာမဟုတ်ပါဘူး။ အောင်မှတ်ရမှ Certificate ရမှာပါ။ အခုနောက်ပိုင်း ဒီလိုဖြစ်သလို တင်တာမျိုးကို 10% လောက် တွေ့လာရတဲ့အတွက် စည်းကမ်း တင်းကျပ်ရခြင်း ဖြစ်ပါတယ်။

Data Analysis ပညာရပ်ဟာ သီအိုရီသပ်သပ် ပညာရပ်မဟုတ်ပါဘူး။ Theory + Skill ပေါင်းစပ်တဲ့ ပညာရပ်ဖြစ်တဲ့အတွက် နားလည်အောင် အရင်လေ့လာ၊ ပြန် Review လုပ်ပြီး လက်တွေ့လုပ်ပါဆိုတဲ့ Project တွေကို Recording ပြန်ကြည့်ပြီး လိုက်လုပ်ဖို့ လိုပါတယ်။

ဒီလို Recording ပြန်ကြည့်ပြီး လိုက်လုပ်လို့ရတဲ့ Project မျိုးကိုတောင် မလုပ်ချင်ဘူး၊ ပျင်းတယ်၊ အချိန်မရှိဘူးဆိုရင်တော့ သင်တန်းလာမတက်ပါနဲ့လို့ပဲ ပြောချင်ပါတယ်။ ဘယ်သူ့ဘယ်သူအတွက်မှလည်း အကျိုးမရှိလို့ပါ။

ကျွန်တော် စာသင်တဲ့ ရည်ရွယ်ချက်က Job Readiness အဆင့် Data Analysis Training ပေးအပ်ဖို့ပါ။ ငွေတစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ ငွေတစ်ခုတည်းကြောင့်သာဆိုရင် လာအပ်သမျှ Corporate Training တွေကို လက်ခံနေမှာဖြစ်သလို၊ One on One တွေကိုလည်း ငြင်းနေမှာ မဟုတ်ပါဘူး။ Batch တွေမှာလည်း အပ်သမျှ လက်ခံပေးနေပြီး "လူပြည့်ပြီ" ဆိုပြီး ငြင်းလွှတ်နေမှာ မဟုတ်ပါဘူး။ ဒါကို သဘောပေါက်ကြဖို့ လိုပါတယ်။

Professional တစ်ယောက်က သင်ပေးတာဖြစ်တဲ့အတွက် တွန်းစရာရှိတာ တွန်းရပါလိမ့်မယ်။ လာမတက်တာ ပြဿနာမရှိပေမယ့် လာတက်မယ်ဆိုရင်တော့ အချိန်ရမှ လာတက်စေချင်ပါတယ်။

"တန်ဖိုးရှိတဲ့အရာဆိုတာ လွယ်လွယ်နဲ့မရပါဘူး။ အချိန်ပေးဖို့ လိုပါတယ်။"

ဒီလောက်ပါပဲ။

ကျေးဇူးတင်စွာဖြင့်

Python Myanmar Institute
Practical Data Skills for Your Career

08/10/2026

4 ဦးသာ ကျန်ပါတော့တယ် ⏰

စာရင်းပေးသွင်းထားသူတွေအတွက် ဒီနေ့ညမှာ Zoom Meeting Link ပေးပို့ပေးသွားမှာ ဖြစ်ပါတယ်ဗျ။

Let's learn SQL - the language of data. 😎

Telephone

Address

Hlaing
11051

Alerts

Be the first to know and let us send you an email when Python Myanmar Institute posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Hlaing.